Website Services

Website Services



Intro

ကျွှန်တော်တို့ကOCS-Myanmar က ပါ။  Online Web Advertising , Website Creation နဲ့ Training  စတဲ့ Services တွေ ပြုလုပ်ပေးနေတဲ့ နေရာ တစ်ခုပါ။ လူကြီးမင်းတို့  Business လုပ်ငန်းအတွက်  အသုံးပြုနိုင်တဲ့  Services များကို    ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Website ဆိုတာ မသိသေးသူများအနေနဲ့ သာမန်မျှသာထင်ထားတတ်သော်လည်း သိရှိထားပြီးသော  စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ  လက်မနှေးပဲ လုပ်ဆောင်တတ်သော  ယနေ့ခေတ်  Advertising တစ်ခုပဲ ဖြစ်ပါတယ် ။ အကျိုးတရား အများကြီးရှိပါတယ်။

ဥပမာ -  လှည်းတန်းမှာ ဖွင့်ထားတဲ့  ဆရာဦးဇော်လင်းရဲ့ ကိုရီးယားဘာသာ သင်တန်းကျောင်းဟာ  ည ၁၀ နာရီလောက်ဆိုရင် ပိတ်ထားပါပြီ ။ ဆရာဦးဇော်လင်းလဲ ထိုအချိန် အိပ်ကောင်းအိပ်နေနိုင်ပါတယ်။၊   ဒါပေမယ့်  Online က  သူ့ သင်တန်းကျောင်းကတော့  24 နာရီ run နေပါတယ်ခင်ဗျာ။ အခုချိန်များ တစ်ယောက်ယောက်က  သင်တန်းကိစ္စခေါင်းထဲရောက်လို့  အင်တာနက်ပေါ်မှာရှာတဲ့ အခါ  website ကိုတွေ့ပြီဆို  သူ ချက်ချင်း ကျောင်းအပ်လို့ရပါပြီ။  ဒါဟာ  မိမိ အလုပ်က  မိမိ အိပ်နေတာတောင်  24 နာရီ run ထားတဲ့ သဘောပါပဲ။  Website မှာ မိမိ ဖော်ညွှန်းချင်တာတွေကို  ဖော်ပြထားတဲ့ အတွက်လဲ  ကျွမ်းကျင်တဲ့ Marketing တစ်ယောက်ကို   Online ပေါ် ၂၄ နာရီ တင်ထားပြိး  မိမိ အတွက် အလုပ်လုပ်နေစေတဲ့ သဘောလဲ သက်ရောက်ပါတယ်ခင်ဗျာ။

ဒ့ါပြင်  ယနေ့ခေတ်မှာ လူတော်တော်များများ အင်တာနက် အသုံးပြုလာကြပါပြီ။ တစ်စုံတစ်ခုသိချင်လို့ဖြစ်စေ ၊ တစ်စုံတခုလုပ်ချင်လို့ဖြစ်စေ ၊ အဝေးကြီး စဉ်းစားမနေတော့ပါဘူး  ၊ ညသန်းခေါင်အချိန်မှာတောင်  အရေးတစ်ကြီး သိချင်တာရှိလာရင် ၊ အင်တာနက်ပေါ်  ဖုံးလေးဖွင့်ပြီး  အသာတက်ရှာလိုက်ရုံဖြင့်  သက်ဆိုင်ရာ Website များမှ  မိမိသိချင်သော  အချက်အလက်များကို  မိနစ်ပိုင်းအတွင်း  ရှာဖွေတွေ့ရှိနိုင်ပါပြီ။  ဒီလို  အင်တာနက်ပေါ်မှာ လိုအပ်သူတွေ ရှာဖွေတွေ့ရှိနိုင်ဖို့အတွက်ဆိုရင်   မိမိမှာ  Website တစ်ခု  ဒါမှ မဟုတ်  အနည်းဆုံး  Domain နဲ့  One Page Profile တစ်ခု ရှိရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိ လုပ်ငန်းနဲ့ ပတ်သက်တာတွေကို  အင်တာနက်မှာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

နောက်တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အကျိုးတရားကတော့ Advertising ( ကြော်ငြာ ) များစွာသက်သာခြင်းဖြစ်ပါတယ်။  TV / ရုပ်သံလိုင်းတွေ ၊ နာမည်ကြီး Business Directory တွေ ၊ ပြင်ပမှာ ဗီနိုင်းတွေ ၊ ဘေလ်ဘုတ်တွေ ၊ စသဖြင့် ပြုလုပ်ပြီး ကြော်ငြာကြမယ်ဆိုရင် ကုန်ကျစရိတ်များစွာကုန်ကျကြောင်းသိရှိကြမှာပါ။ ဒ့ါပြင် ၂၄ နာရီပတ်လုံး ဒီ Advertising တွေကအလုပ်မလုပ်နိုင်ပါဘူး။ ဒ့ါပြင် ကမ္ဘာတဝှန်းသို့လဲ ပျံ့နှံ့အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒ့ါပြင်  Customer သိချင်သမျှကိုလဲ အပြည့်အစုံ မရှင်းပြနိုင်ပါဘူး။ မိမိ စီးပွားရေးလုပ်ငန်းဟာ ဘာဆိုတာလောက်ပဲ သိရှိစေနိုင်ပါတယ်။ Website ကတော့  24 နာရီပတ်လုံး  မည်သည့်အချိန်မဆို ကမ္ဘာအနှံ့အပြားက ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Customer လိုအပ်ချက်မှန်သမျှကိုလဲ ပြည့်ပြည့်စုံစုံ ပေးစွမ်းနိုင်ပါတယ်။ မိမိအတွက် Professional Marketing တစ်ယောက်လိုပါပဲ။ ကမ္ဘာအနှံ့အပြားသို့လဲ မိမိ စီးပွားရေးလုပ်ငန်း၏ Information များ လွယ်ကူစွာပြန့်နှံ့နိုင်ပါတယ် ၊ ကုန်ကျစရိတ်နဲပြီး အကျိုးများစေတဲ့ ယနေ့ Advertising တစ်ခုပဲဖြစ်ပါတယ်။

Customer ဆိုတာက ထုတ်ကုန်တစ်ခု ( သို့ ) Service တစ်ခုကို သူတို့ သုံးစွဲတော့မယ်ဆိုရင်  အဲဒါနဲ့ပတ်သတ်ပြီး အချက်အလက်များကို ပြည့်ပြည့်စုံစုံ  အရင်သိချင်တဲ့ ဆန္ဒရှိကြပါတယ်။ တခြား Advertising တွေကဆိုရင် အပြည့်အစုံ မသိနိုင်တော့  Company ကိုလာရောက်မေးမြန်းရခြင်း၊ ဖုံးဆက်မေးရခြင်း၊ အချိန်ပေးရခြင်းတွေရှိနိုင်သော်လည်း Website ကတော့ ဒီပြသနာကို ဖြေရှင်းပေးနိုင်ပါတယ်။ သူတို့သိချင်တာမှန်သမျှ၊ ထုတ်ကုန်တွေ၊ service တွေအတွက် အချက်အလက်များကို Website မှာ ပြည့်ပြည့်စုံစုံဖော်ပြထားပေးခြင်းဖြင့်  မည်သည့်အချိန်မဆို မည်သူ့ကိုမှ ထပ်ပြီးမေးမြန်းနေစရာမလိုတော့ပဲ အချိန်ကုန် ၊ ငွေကုန် သက်သာစွာဖြင့် သိချင်တာများကို သိရှိနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် လုပ်ငန်းတူဆိုတာရှိတတ်စမြဲပါ။ ထိုအခါမျိုးမှာ  မိမိ ထုတ်ကုန်များအကြောင်း  Service များအကြောင်းကို တခြားပြိုင်ဘက်တွေထက် လူပိုသိစေဖို့ ၊ မိမိ Service တွေက မည်သို့ ပို၍ သာလွန်ကောင်းမွန်ကြောင်း Customer တွေကိုချပြနိုင်ဖို့ အရေးကြီးပါတယ်။ ယနေ့ စီးပွားရေးလုပ်ငန်းရှင်များဟာ ပြင်ပမှာ နည်းမျိုးစုံနဲ့ အပြိုင်အဆိုင်ထိုးဖောက်နေကြသော်လည်း အတော်များများကတော့ Online ဈေးကွက်ကို သတိမမူပဲ ဖြစ်နေတတ်ပါတယ်။ အဲဒီ Online ဈေးကွက်ရဲ့ ကြီးမားကျယ်ပြန့်ပုံကို သတိထားမိလာတဲ့ လုပ်ငန်းရှင်တွေကတော့  အဲဒီအကျိုးတရားကို လျင်လျင်မြန်မြန်ပဲ အသုံးချလာကြပါတယ်။

 ယနေ့ မြန်မာပြည်မှာ Internet ကို လွယ်ကူသက်သာစွာ အသုံးပြုလာနိုင်ကြပြီဖြစ်လို့ လူတိုင်းနီးပါး အင်တာနက်နှင့် မစိမ်းတော့ပါ။ လူအများစုဟာ မိမိသိချင်တဲ့ ထုတ်ကုန်အကြောင်းဖြစ်စေ ၊ Service များအကြောင်းဖြစ်စေ သိရှိချင်လာပါက  Internet တွင် အချိန်မကုန်ပဲ လျင်မြန်စွာရှာဖွေလာကြပါတယ်။ နေ့စဉ် Internet သုံးစွဲနေသူပေါင်းဟာ  မြန်မာတစ်နိုင်ငံထဲမှာပင် သန်းချီရှိနေပါတယ်။ အဲဒီအတွက်  Website ရှိတဲ့ Company ဟာ  အဲဒီ Online Customer တွေကို ရရှိလာမှာဖြစ်ပါတယ်။ မိမိ Website ကို Internet မှာ လူသိများလာအောင် ပြုလုပ်ထားခြင်းဖြင့် နောက်ဆိုလျှင် ဒီပစ္စည်းလိုသလား  ဒီ Website ကိုသွားဆိုသလိုဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီအတွက် Website မရှိတဲ့ ပြိုင်ဘက် Company ထက် Customer ဦးရေများစွာတိုးပွားလာမှာဖြစ်ပါတယ်။

မိမိလုပ်ငန်းဟာ ပြည်ပနဲ့လုပ်ကိုင်ရတာဆိုရင်ဖြင့် Website ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သို့မဟုတ် မိမိ ထုတ်ကုန်များ ၊ Service များကို International မှာပါ ထိုးဖောက်ဝင်ရောက်ချင်တဲ့ လုပ်ငန်းများအတွက် Website ဆိုတာ  မရှိမဖြစ်လိုအပ်တဲ့ အရာတခုပါပဲ။ ဘာကြောင့်လဲဆိုတော့  ပြင်ပကြော်ငြာတွေမှာ ဘာသာရပ်ကိုဖော်ပြထားနိုင်ရင် အများဆုံး နှစ်ဘာသာလောက်ပဲ သုံးနိုင်ပါတယ်။ Website မှာကတော့  အနည်းဆုံး ၁၂ ဘာသာလောက်မျှနဲ့ ဖော်ပြထားနိုင်ပါတယ်။ ထို့အတွက် မိမိ Website ဟာ မိမိအတွက်  International တန်းဝင် Professional Marketing တစ်ယောက်အဖြစ် ရပ်တည်ပေးနေပါတယ်။ ဒါ့ပြင် ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများဟာ  မိမိလုပ်ငန်းအကြောင်း လေ့လာလိုပြီ  မိမိထုတ်ကုန်များအကြောင်း လေ့လာလိုပြီဆိုရင် Website ကို အရင်တောင်းပြီး ကြည့်လေ့ရှိကြပါတယ်။ အဲဒီအခါမှာ မိမိမှာ Website မရှိသေးပါဘူးလို့ ပြောလိုက်ရင် သူတို့အနေနဲ့ စိတ်ဝင်စားမှု နဲပါးသွားတတ်ပါတယ်။ သူတို့ဆီမှာက Website ရဲ့ အသုံးဝင်ပုံများ၊ လိုအပ်ချက်များကို အားလုံးနီးပါး သိရှိပြီးထားလို့ပဲဖြစ်ပါတယ်။ ဒီအတွက် မိမိဟာ လက်ရှိ International နယ်ပယ်မှာ လုပ်ကိုင်နေတာဖြစ်စေ။ သို့မဟုတ် တစ်ချိန်မှာ ထိုးဖောက်မယ်လို့ ရည်မှန်းထားပြီးဖြစ်ရင် Website တစ်ခု မရှိမဖြစ် ရှိသင့်ပါပြီ။
နောက်တစ်ခုက  Website ဟာ မိမိစီးပွားရေးလုပ်ငန်းအတွက် Image တခုပါပဲ။ Websites Improve Customer Confidence & Corporate Image လို့ ဆိုနိုင်ပါတယ်။ Professional ကျကျ ဖန်တီးတည်ဆောက်ထားတဲ့ Website ကြောင့် မိမိလုပ်ငန်းရဲ့  Impression  ကို ကောင်းမွန်စေပါတယ်။ မိမိ Website မှာ  မိမိ လုပ်ငန်းရဲ့ အဆင့်အတန်း ၊ အခြေအနေ ၊ ဝန်ဆောင်မှုများကို လူအများအား စိတ်ဝင်စား ယုံကြည်လာအောင် ဖော်ပြထားနိုင်ပါတယ်။ ထို့ကြောင့် Website ဆိုတာ မိမိ လုပ်ငန်းအတွက် ဂုဏ်သိက္ခာတစ်ခုကို ဖော်ပြပေးထားတဲ့ ကိုယ်စားပြု ပစ္စည်းတစ်ခုလဲဖြစ်ပါတယ်။ Customer တစ်ယောက်အနေနဲ့သူအားကိုးလိုတဲ့ Organization တစ်ခုကနေ Sense of Confidence ရဖို့အတွက် Website နှင့်အကဲဖြတ်ပြီး ရှုမြင်လာကြတာကမ္ဘာမှာတင်မဟုတ်တော့ပဲ မြန်မာပြည်အထိ ဖြစ်လာပါပြီ။ ဒါကြောင့်လဲ Website ရှိတဲ့ လုပ်ငန်းသေးလေးတွေဟာ Website မရှိသေးတဲ့ လုပ်ငန်းတွေထက် Customer ပိုရပြီး  အကျိုးအမြတ်ပိုများနေတာ စစ်တမ်းများအရသိရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Internet ကိုနေ့စဉ်သုံးစွဲနေသူတွေဟာ သန်းချီရှိနေကြပြီး သူတို့အားလုံးဟာ နေ့စဉ် Internet ကနေ အချက်အလက်တွေကို အမြဲရှာဖွေနေကြလို့ပါပဲ။
ကျွှန်တော်တို့ Company မှာ  မည်သည့် service ကို မဆို ဝယ်ယူပါက  အောက်ပါအတိုင်း  အထူးဝန်ဆောင်မှုများကိုလဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

·         မိမိ Website အား  Online ပေါ်တွင် လူသိများလာအောင် ကြော်ငြာပေးခြင်း
·         မိမိ Business လုပ်ငန်းနှင့် ပတ်သက်သမျှ  Data များပါဝင်သော  Mail များကို  လုပ်ငန်းရှင်များ ၊ စီးပွားရေးသမားများနှင့် အထွေထွေ လူတန်းစားမျိုးစုံထံသို့ ပေးပို့ကြော်ငြာပေးခြင်း
·         မိမိ Website အား  Social Network ထဲတွင် ယနေ့  လူသန်းပေါင်းများစွာ အသုံးပြုနေသော  ကမ္ဘာ့ နာမည်ကြီး  Social Network များဖြစ်သည့်  Facebook , Twitter , Yahoo အစရှိသော Website များနှင့် ချိတ်ဆက်ပေးပြီး ဈေးကွက် ကျယ်ပြန့်လာစေရန်ပြုလုပ်ပေးခြင်
·         မိမိ Website Domain အားအပြည့်အစုံ ရိုက်စရာမလိုပဲ မိမိ Company နာမည် ရိုက်လိုက်ရုံနှင့်  သို့မဟုတ်  မိမိ ထုတ်ကုန်တခုခုနာမည် ရိုက်လိုက်လျှင်ဖြစ်စေ  Internet မှာ အခြားသူများ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်အောင် ပြုလုပ်ပေးခြင်း
·         မြန်မာနိုင်ငံနှင့်တကွ  ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး  Forum များ ၊ Blog  များတွင် ကြော်ညာပေးခြင်း Youtube စသော Social Media များတွင်  မိမိ  Presentation CD ပြုလုပ်ပြီးဖြစ်ပါက ထို CD အား  Social Media များတွင် ကြော်ငြာပေးပြီး   ထို CD link အားလဲ  ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များထံသို့ ပေးပို့ကြော်ငြာပေးခြင်း ၊ Presentation CD မရှိသေးပါကလဲ  ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်ပေးခြင်း

စသည့်  အထူးဝန်ဆောင်မှုများကို  လူကြီင်္းမင်းတို့အနေနဲ့  အခမဲ့ရရှိမှာဖြစ်ပါတယ်။
မိမိလုပ်ငန်းကို  ၂၄ နာရီနီးပါး  လည်ပတ်နေစေပြီး  လူသန်းပေါင်းများစွာ  ကမ္ဘာတဝှမ်းမှ ဝင်ရောက်အသုံးပြုနေတဲ့  အလွန်ကြီးမားတဲ့ ယနေ့ အင်တာနက် ဈေးကွက်ကြီးမှာ  မိမိလုပ်ငန်းကိုလဲ ကျယ်ပြန့်လာစေချင်တဲ့ ဆန္ဒရှိသော  လူကြီးမင်းတို့အတွက်  OCS-Myanmar မှ  အောက်ပါအတိုင်း ဝန်ဆောင်မှုများပေးနေပါပြီ။



Domain Registration With Web design
အင်တာနက်ပေါ်မှာ  အဆင့်အတန်းမှီ  Company Website ဆက်လက်လွင့်တင်မည်ဆိုပါကလဲ အောက်ပါ အတိုင်း လုပ်ဆောင်နိုင်ပါတယ် ခင်ဗျာ။
 ရိုးရှင်းသော Web Design နှင့် Company လုပ်ငန်း အငယ်စားလေးများ ၊ အသေးစားလုပ်ငန်းလေးများအတွက်သင့်တော်သော Package ဖြစ်ပါတယ်။ ဒီ Website အမျိုးအစားကတော့ Information တွေကို ပြည့်ပြည့်စုံစုံထည့်သွင်းထားလို့မရပါဘူး။ သူ့သဘောက ဒီစီးပွားရေးလုပ်ငန်းမှာ ဒီ Product တွေကို ထုတ်လုပ်တယ် ၊ ရောင်းချတယ် ၊ ဒီလို  Service တွေရမယ် ၊ ဒါတွေကို ဖော်ပြထားမယ်။ လုပ်ငန်းမှာ ဒီလိုတွေလုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာတွေ သိစေဖို့ ဓါတ်ပုံတွေနဲ့ ဖော်ပြထားမယ်။  ဒီလို Website အမျိုးအစားကတော့ အားကိုးရတဲ့ Marketing တစ်ယောက်အနေနဲ့ သဘောတူညီပါတယ်။ ဒါပေမယ့် Professional Marketing တော့မဖြစ်သေးဘူးပေါ့ခင်ဗျာ။ သူက အပြင်က ရုံးခန်းအခင်းအကျင်းနဲ့ သဏ္ဍန်တူတဲ့ Website Design ရော ၊ Customer တွေကိုပြောဆိုဆက်ဆံရတဲ့ Marketing နဲ့တူတဲ့ ပါဝင်နေတဲ့ စာသားတွေ ၊ ဓါတ်ပုံတွေရဲ့ ထားသိုမှု ၊ ပြည့်စုံစွာပါဝင်မှုတွေမှာတော့ Standard Package ကို မမှီဘူးလေ။ သူကတော့ လုပ်ငန်းငယ်များ ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေအတွက် ရည်ရွယ်ပေးထားတာပါ။

ခေတ်မှီ လှပ ဆန်းသစ်သော Web Design နှင့် မိမိ Information များကို အသေးစိတ် ပြည့်စုံစွာ ဖော်ပြထားနိုင်သော  အမျိုးအစားဖြစ်ပါတယ်။ Company တစ်ခုရဲ့  Official Website အဖြစ် ရပ်တည်နိုင်တဲ့ Package ဖြစ်ပါတယ်။ အလယ်အလတ် လုပ်ငန်းများနဲ့  တချို့  လုပ်ငန်းကြိးများပါ အသုံးပြုပါတယ်။ Webdesign မှာ ခေတ်မှီလှပသော Webdesign ဖြစ်ပြီး  HTML5 , CSS3  စသည့်  နောက်ဆုံးပေါ်  Web နည်းပညာများကို အသုံးပြု ရေးဆွဲမှာဖြစ်ပါတယ်။ မိမိ Website ကိုကြည့်လိုက်ရုံနဲ့  မိမိ Company ၊ မိမိ လုပ်ငန်းတို့ရဲ့ အဆင့်အတန်းတစ်ခုကို ဖော်ဆောင်ပေးမယ့် Website အမျိုးအစားဖြစ်ပါတယ်။ သူကတော့  ကျွမ်းကျင်အဆင့် Marketing နဲ့ သဏ္ဍန်တူပါတယ်။ သူက Product တစ်ခုချင်းဆီကို အသေးစိတ်ထပ်မံခွဲစိတ်ပြီး ရှင်းပြနိုင်တယ်လေ။ ဒါ့ပြင် Company View နဲ့ သဏ္ဍန်တူတဲ့ Web Design မှာလဲ ပိုမိုခန့်ထည်လာတယ်လေ။ ပိုမိုပြီး လှပတင့်တယ်လာတယ် ၊ ဆွဲဆောင်မှုရှိလာတယ် ၊ ကိုယ့်ရုံးခန်းက လှပနေတော့ ကိုယ့် Company ရဲ့ အဆင့်အတန်းလဲ ပေါ်လွင်နေတာပေါ့ခင်ဗျာ။ သူ့ Web Design က  Slideshow တွေ ၊ Flash & Animation တွေ ပါနေမှတော့  လှပတင့်တယ်နေပြီပေါ့ဗျာ။  သူ့ကိုတော့  အလယ်အလတ် စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ထားတာပါ။ မိမိလုပ်ငန်းရဲ့ အဆင့်အတန်းတစ်ခုကို Website ကိုကြည့်ပြိး ဆုံးဖြတ်နိုင်တဲ့ အမျိုးအစားပေါ့ခင်ဗျာ။ အပြင်မှာလုပ်ငန်းကသေးသေးလေးဖြစ်နေတောင်မှ  Website ကို ကြည့်ပြီး ဆုံးဖြတ်ကြတဲ့ ခေတ်ကြီးဖြစ်နေတော့ တခြားလုပ်ငန်းကြီးတွေကိုတောင်မှ သိပ်ကြောက်စရာမလိုတော့ဘူးပေါ့ခင်ဗျာ။ ဒါပေမဲ့  Website ပေါ်က  Company မြင်ကွင်းတွေကတော့ အလွန်လှပပြီး ဆွဲဆောင်မှု ၊ Customer ကို ဖမ်းစားထားနိုင်မှုတွေရှိအောင် ဖန်တီးထားရမှာပေါ့ဗျာ။ မိမိ Website ဆိုတာ မိမိလုပ်ငန်းရဲ့ ကိုယ်စားတစ်ခု ၊ လုပ်ငန်းခွဲတစ်ခုလို့ ရှုမြင်ထားရမှာပါ။


  နေ့စဉ်  မိမိ Information များကို  တစ်နေ့တစ်မျိုး မရိုးရအောင်  Update လုပ်ချင်ကြသော  စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ပါတယ်။ မိမိ Company အတွက် အကျိုးရှိစေမယ့် အချက်များကို နေ့စဉ် မိမိ ကိုယ်တိုင် Update လုပ်နေလို့ရပါတယ်။ နေရာဒေသမရွေး ဘယ်အချိန်မဆို  ဖုန်းမှပင် Update လုပ်လို့ရပါတယ်။
ဥပမာ  Promotion ပေးနေတာပဲဖြစ်ဖြစ် ၊ ဘယ်လိုဝန်ဆောင်မှုတွေပေးနေတယ် ၊ နောက်ပြီး  Website ပေါ်မှာ  လူများ စိတ်ဝင်စားစွာ ဝင်ရောက်ကြည့်ရှုကြအောင် စိတ်ဝင်စားစာရာအချက်များကို နေ့စဉ် ရေးသားနိုင်ပါတယ်။ ကဏ္ဍခွဲများစွာနဲ့ ဝေဝေဆာဆာပြုလုပ်ထားနိုင်တဲ့ Website အမျိုးအစားဖြစ်ပါတယ်။ ဥပမာ  ဖုန်းဆိုင်တစ်ခုဆိုရင်လဲ  မိမိဖုန်းဆိုင်  ၊ မိမိ လုပ်ငန်းနဲ့ ပတ်သတ်သမျှတွေကို လူတွေ စိတ်ဝင်စားလာအောင်  အမျိုးမျိုး  နေ့စဉ်ရေးသားနေနိုင်ပါတယ်။ မိမိရေးသားလိုက်သော  အချက်အလက်များကိုလဲ အချိန်နဲ့တစ်ပြေးညီ  တစ်ဖက် Customer မှ တုန့်ပြန်ပြောဆိုနိုင်သော Comment Box System လဲ  ပါရှိတဲ့အတွက်  မိမိ ရေးသားချက် ၊ ဖော်ပြချက်များမှ  အားသာချက်  အားနည်းချက်များကို  အချိန်နဲ့ တစ်ပြေးညီ ရရှိနေမှာဖြစ်ပါတယ်။  နည်းပညာမြင့် Website တစ်ခုဖြစ်ပြီး   အချက်အလက်များ နေ့စဉ် Update ဖြစ်နေတဲ့အတွက်  SEO Service ဖြစ်တဲ့  Google လိုမျိုး  Internet Search Engines Website များမှာလဲ  မိမိ Website ကို  အလွယ်တစ်ကူ မြင်တွေ့နိုင်တဲ့ အတွက်  အလွန် အကျိုးရှိစေပါတယ်။ အကယ်လို့ ဆန္ဒရှိပါကလဲ  မိမိလုပ်ငန်းမှ ဝန်ထမ်းများကို  Web Editor Account များခွဲပေးထားနိုင်ပြီး  Website ကို  ပိုမို Active ဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ အချက်အလက်များ အမြဲ  Update ဖြစ်နေတဲ့ အတွက် နေ့စဉ် ဝင်ရောက်ကြည့်ရှုသူဦးရေလဲ  တိုးပွားလာမှာဖြစ်ပါတယ်။ Wordpress CMS ကို  အသုံးပြုထားတဲ့ အတွက်  ယင်း၏ အလွန်ကောင်းသော  SEO ကြောင့်  မိမိ Website ကို  ကမ္ဘာအနှံ့အပြားမှ  အချိန်အနည်းငယ်အတွင်း  သိရှိပြီး ဝင်ရောက်ကြည့်ရှုလာမှာလဲဖြစ်ပါတယ်။ သူကတော့ Professional Marketing နဲ့ သဏ္ဍတူပါတယ်။ Customer သိချင်တာများကိုလဲ အသေးစိတ်ပြည့်ပြည့်စုံစုံ ရှင်းပြထားနိုင်သလို Customer တွေကိုလဲ လိုအပ်သမျှ မေးခွင့်ပြုပြီး  ပြန်လည်ဖြေကြားပေးနိုင်ပါတယ်။ မိမိ Information တွေဟာလဲ နေ့စဉ် Update ဖြစ်နေတာကြောင့် Google လို Search Engines တွေမှာ လွယ်ကူစွာရှာဖွေလာနိုင်မှာဖြစ်ပြီး နေ့စဉ် Customer အသစ်များလဲ တိုးပွားစေလာမှာဖြစ်ပါတယ်။ ဒီလို Website မျိုးက  မိမိ Customer တွေကိုလဲ Guest , Member , Special Customer စသဖြင့် ခွဲခြားသတ်မှတ်ပေးထားနိုင်ပါတယ်။ ပြီးတော့ မိမိ သတင်းအချက်အလက်များကိုလဲ လစဉ် နေ့စွဲများနဲ့တကွ မှတ်သားပေးထားနိုင်ပါတယ်။ ထို့ကြောင့် မိမိ သတင်းအချက်အလက်များကို ပြန်လည်လိုအပ်လာတဲ့အခါ အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်။ သတင်းအချက်အလက်များကို သူ့ကဏ္ဍနဲ့သူ သေချာစွာ ခွဲခြားပြီးလဲ သိမ်းဆည်းထားနိုင်ပြီး  Customer အချက်အလက်များ ပြန်လည်လိုအပ်ပါကလဲ Customer Profile ကို ပြန်ကြည့်လိုက်ရုံမျှဖြင့် လွယ်ကူစွာ ပြန်လည် သိရှိနိုင်ပါတယ်။



Blogging Services
Blog ဆိုတာ ယနေ့ IT ခေတ်ကြီးတွင် လူတော်တော်များများ သိရှိလာသော နည်းပညာတစ်ခုဖြစ်ပါတယ်။ Blog ဆိုတာ အလွယ်ပြောရရင်တော့ မိမိလုပ်ငန်းအတွက်ဖြစ်စေ ၊ မိမိ Personal အတွက်ဖြစ်စေ အသုံးပြုနိုင်တဲ့ မိမိရဲ့ Online ပေါ်က ပြတိုက်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ မိမိအကြောင်း ၊ မိမိဝါသနာပါရာအကြောင်း ၊ မိမိလုပ်ငန်းအကြောင်း ၊ မိမိဆန္ဒ ၊အတွေးအမြင် စသဖြင့်ရေးသားဖော်ပြထားနိုင်ပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ Blog ဆိုရင် သူစာအုပ်စာပေတွေအကြောင်း ၊ သူ့အတွေး သူ့အမြင် ၊ သူ့ခံယူချက် ၊ သူရပ်တည်နေတဲ့ဘဝ စသဖြင့်ရေးသားထားမှာဖြစ်ပါတယ်။ အဲဒီအတွက် မိမိ Customer နဲ့ ပိုမိုရင်းနှီးနွေးထွေးစေမယ့် အကျိုးတရားကိုရရှိစေမှာဖြစ်ပြိး  နေ့စဉ် အွန်လိုင်း မိတ်ဆွေများလဲ တိုးပွားလာမှာဖြစ်ပါတယ် ၊ ဥပမာ  Travel & Tours တစ်ခုရဲ့ Website ဆိုပါတော့  Tour Package တွေ ၊ သွားရောက်လည်ပတ်ချင်ဖွယ်နေရာတွေ ၊ အစီအစဉ်တွေပဲ တွေ့ရပါမယ်။ သူက လုပ်ငန်းတစ်ခုကို ကိုယ်စားပြုထားတဲ့ Website ကိုးခင်ဗျ။  Travel တစ်ခုရဲ့ Blog ကြပြန်တော့ အဲလိုမဟုတ်တော့ဘူး။ တူသလိုလိုရှိပေမယ့် ကွဲပြားခြားနားပါတယ်။ Tours တစ်ခုရဲ့ Blog ကျတော့ သူတို့သွားခဲ့တဲ့ ခရီးတွေအကြောင်း ၊ သွားခဲ့တဲ့နေရာတွေမှာ ပျော်ရွှင်စရာတွေအကြောင်း ၊ တွေ့ခဲ့တဲ့ ထူးဆန်းမှုတွေအကြောင်း စသဖြင့် အများစိတ်ဝင်စားအောင်ပြန်လည်ရေးသာပြကြပါတယ်။ ဘယ်ခရီးကိုတော့ ဘယ်သူတွေနဲ့သွားတယ် ၊ ဘယ်လိုပျော်စရာကောင်းတယ် ၊ ဘာတွေထူးထူးဆန်းဆန်းကြုံခဲ့တယ် စသဖြင့်ပေါ့။  အဲဒါတွေဖတ်ပြီး အခြားသူတွေကလဲ ဒီနေရာကို သွားလည်ချင်စိတ်တွေပေါက်လာတယ်။ စိတ်ဝင်စားမှုပိုလာတယ်။ Blog ရဲ့ အကျိုးတရားကတော့ ဒါပါပဲ။ နောက်တစ်ခု - နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက်ဆိုပါတော့ သူ့အတွေး၊ သူ့အမြင်သူ့ခံယူချက်တွေ၊ သူပြောပြချင်တာတွေ ၊ ပြည်သူကိုသူသိစေချင်တာတွေကို Blog ရေးကြတယ်။ အဲဒီအခါ ဘာဖြစ်လာလဲဆိုတော့ အဲဒီ Blog က သူ့ကိုယ်စားဖြစ်လာတယ်။ သူနဲ့ ပြည်သူကြားရင်းနှီးလာတယ်။ သူ့ခံစားချက် ၊ သူ့ရပ်တည်ချက်ကို ပြည်သူကို ပြောပြနိုင်တယ်။ ပြည်သူကလဲ ပိုမိုနားလည်လာတယ်။ သူပြောပြချင်တာတွေကို အေးအေးဆေးဆေးထိုင်ပြောပြနေသလို Blog ကတာဝန်ယူလိမ့်မယ်။အဲဒီ blog ဟာလဲ တဆင့်စကားနဲ့ ပြန့်နှံ့လာမယ်။ နောက်ဆုံး အဲဒီ Blog က သူ့ရဲ့ ကိုယ်စားဖြစ်လာတယ်။ သူ့စိတ်တွေ ၊ သူ့ခံယူချက်တွေ ၊သူစေတနာတွေကို Blog က လူသိလာအောင် ပြောပြလိမ့်မယ်။ အဲဒါကတော့ အကျိုးတရားတစ်ခုမျှပဲရှိပါသေးတယ်။ စီးပွားရေးသမားတစ်ယောက်ရဲ့ Blog လား။ ဒီလိုပါပဲ သူ့အမြင် သူ့အတွေး တွေဖော်ပြထားနိုင်တဲ့အပြင် သူ့အလုပ် ၊ သူ့ထုတ်ကုန်တွေကို ဘယ်လိုရည်ရွယ်ချက်ထားတယ်။ ဘယ်လို ခံယူချက်နဲ့ လုပ်ခဲ့တယ်..  Customer ကို သေချာချပြနိုင်တယ် ၊ ဥာဏ်ရှိသလို သုံးနိုင်တဲ့ နည်းပညာတခုပါ ၊ ဆရာဝန် ၊ Engineer စသဖြင့် နယ်ပယ်စုံက ပုဂ္ဂိုလ်များ  မိမိနဲ့ မိမိနယ်ပယ်ကလူတွေနဲ့ ပိုမိုရင်းနှီးလာစေလိုလို့ဖြစ်စေ၊ အပေါင်းအသင်း ပိုမိုများပြားလာစေရန်ရည်ရွယ်လို့ပဲဖြစ်စေ နယ်ပယ်အသီးသီးအတွက် သုံးနိုင်ပါတယ်။ Internet ပေါ်တွင်  မိတ်ဆွေပေါင်းများစွာရရှိစေရန်နှင့်  ကြော်ငြာလုပ်ငန်း လုပ်ဆောင်နိုင်ရန်  Blog ရေးသားလိုသော  လူကြီးမင်းတို့ အတွက်  ကျွှန်တော်တို့မှ အောက်ပါအတိုင်း ဝန်ဆောင်မှုပေးနေပါတယ်။
Blogger Blog  With Own Domain
Total Prices  : $100.00 ( ဒေါ်လာ ၁၀၀ )
ကိုယ်ပိုင် Domain နှင့် ရရှိမည်ဖြစ်သည်။ အပျော်တမ်း Blog ရေးလိုသူများ ၊ Online ပေါ်တွင် မိတ်ဆွေ ပေါများလိုသူများ ၊ မိမိအကြောင်း ၊ လုပ်ငန်းအကြောင်း ၊ မိမိ ဝန်ဆောင်မှုများအကြောင်း  စသဖြင့် အထွေထွေ ကိစ္စရပ်များကို  Internet ပေါ်တွင် လူသိများလာအောင် ပြုလုပ်လိုသူများအတွက်  အထူအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။




Wordpress Blog With  Theme ( 3 Design Templates ) + Own Domain
Total Prices : $150.00 ( ဒေါ်လာ ၁၅၀ )
ဒီ Blog မျိုးကတော့  ကိုယ်ပိုင် အိမ်နဲ့တူပါတယ်။ အထက်က ဘလော့ကတော့  အိမ်ငှားနဲ့တူပါတယ်။ ကိုယ်ပိုင်အိမ်ဖြစ်တဲ့ အတွက် မိမိ ပြုပြင်ပြောင်းလဲချင်သလိုြ့ပုပြင်ပြောင်းလဲ နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Php Language နဲ့ ရေးမှာဖြစ်ပြီး မိမိ Blog မှာလဲ  Dynamic Blog ဖြစ်နေမှာပါ။  မိမိ Blog ကို  လူများ စိတ်ဝင်စားလာအောင်  နည်းမျိုးစုံသုံးပြီး  ပြုပြင်နိုင်ပါတယ်။  ဒါကတော့  အလယ်အလတ် တန်းဝင်တဲ့ Blog တွေဖြစ်ပါတယ်။ Webdesign ကတော့  Company မှ ချပေးတဲ့ Webdesign ကိုပဲ ရှိမှာဖြစ်ပါတယ်။


Wordpress Blog with  Own Theme + Own Domain
( Web Design can be anything as you like )
Total Prices : $200.00 ( ဒေါ်လာ ၂၀၀ )
ဒီအမျိုးအစားကတော့  သူဌေး အိမ်နဲ့တူပါတယ်။  ပိုက်ဆံပြည့်စုံနေတော့  မိမိ စိတ်တိုင်းကျ အားလုံးကို  ပြုပြင်ပြောင်းလဲနိုင်ပြီး  အလွန်လဲ ခန့်ထည်နေမှာဖြစ်ပါတယ်။ ဒါကတော့  Professional Blogger များ ၊ မိမိ စီးပွားရေးကို  Blogging နည်းဖြင့် လုပ်ဆောင်လိုသူများ ၊  မိမိ အသင်းအဖွဲ့ ၊ လုပ်ငန်းများ၏  ကိုယ်စားအဖြစ်  ထားရှိလိုသူများ အတွက် သင့်တော်ပါတယ်။  မိမိ ကိုယ်ပိုင် Website Design ကို ရှိမှာဖြစ်ပါတယ်။ ထိုအတွက် မိမိလိုအပ်ချက် ၊ မိမိ information များကို  မိမိစိတ်ကြိုက်ပုံစံနဲ့ ဖော်ပြထားနိုင်မှာဖြစ်ပါတယ်။


မည်သို့ အသုံးပြုရမည်၊ မည်သို့ လုပ်ကိုင်ဆောင်ရွက်ရမည် စသည့် Blogger ပညာများကို OCS-Myanmar မှ သင်ကြားပြသသွားမည်ဖြစ်သည်။
အောင်မြင်သော Blog များတွင်  အခြား Company များ၏ ကြော်ငြာများကိုပါ လက်ခံနိုင်ပြီး ထိုမှ ဝင်ငွေကို  တစ်နှစ် သိန်းချီပြီး ပြန်လည်ရရှိနိုင်သလို   Internet ပေါ်တွင်လဲ လုပ်ငန်းတူမိတ်ဆွေရော၊ အခြားမိတ်ဆွေများစွာပါ  တိုးပွားလာနိုင်သော  နည်းပညာ တစ်ခုဖြစ်ပါသည်။ ယနေ့ ကမ္ဘာ့နိုင်ငံများတွင်  ခေတ်စားနေခဲ့ပြီး  ယခုအခါ  မြန်မာနိုင်ငံတွင်လဲ တစ်စတစ်စတွင်ကျယ်လာပြီဖြစ်သော  Online Advertising နှင့်  Information များကို လျင်မြန်စွာ ပြန့်နှံ့စေနိုင်သော  Blogging နည်းစနစ်ကို  တစ်နှစ်မျှ စမ်းသုံးကြည့်ရန် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။



အပေါ်က အကြောင်းအရာတွေက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အသိတစ်ယောက်လှမ်းပို့ ထားတဲ့ သူတို့ ဆားဗစ်ပေးတဲ့ အချက်အလက်တွေ စာရေးရမှာပျင်းနေသေးလို့  အဲ့ဒါတွေကိုပဲ နည်းနည်းလေး Edit လုပ်ပြီး ပြန်ထည့်ထားတာပါ။

 ဒါမှလည်း Website ဘယ်လို အလုပ် လုပ်လည်း လိုအပ်လား မလိုအပ်လား ဆိုတာတွေသိကြရမှာ သေခြာဖတ်ကြည့်ပေးကြပါ အပေါ်ကစာကို။  :D 

အနော် ရေးထားတာကတော့ မကြာခင် ဒီ အောက်မှာပဲ ဖြည့်ရေးပေးသွားပါမယ် လိုရင်း တိုရှင်းနဲ့ ဆားဗစ်ဘယ်လိုပေးတယ် ဘယ်လိုယူတယ်ဆိုတာတွေကိုပေါ့။ :D 

Blogger, Wordpress, Joomla, Drupal, အပြင် Website Builders မှာ ၀င်ကြည့် ကြိုက်တဲ့ CMS နဲ့  Website လုပ်ပေးမယ် လူသုံးအများဆုံးကတော့ Wordpress, Joomla, ပဲ မြန်မာနိုင်ငံမှာ လွှင့်တင်ထားတဲ့ Website ၁၀၀ မှာ  ၉၀ လောက်က် အဲ့ဒီ Wordpress, Joomla, Drupal,   တွေနဲ့ လုပ်ထားတာများတယ်။

ဒီထဲမှာ Google က Services ပေးထားတဲ့ Blogger,  ကတော့ အကောင်းဆုံးလို့ ပြောရမှာပဲ ဒေတာလား ကြိုက်သလောက်ထည့် ပိုက်ဆံတစ်ပြားမှပေးစရာမလိုဘူး Free ပဲ ဒေတာများလာလေလေ ကုန်ကျစရိတ်တက်လာလေလေဆိုတဲ့ Web Host ထဲမှာသူမပါဘူး 😋😋😋 Security ပိုင်းလား စိတ်ချရတာတော့ပြောမနေနဲ့  ddos လာတိုက်ပါစေဦး Google Server ကြီးကို တိုက်နိုင်ရင်တိုက်ပေါ့ ;)
Hack လုပ်ခံရမှာကြောက်စရာမလိုဘူး  Gmail Account ကို 2 Step ခံထားလိုက်ရင် Hacker လက်မှိုင်ချသွားနိုင်တယ် နောက်ပြီးတော့  Blogger Website တွေမှာက Backdoor ထည့်ထားခဲ့လို့ မရဘူး Gmail Account ကိုသာ Security မြှင့်ထားလိုက်ရင် အားလုံးအေးဆေးဖြစ်သွားပြီပေါ့။😉😉😉

  ကဲ..  စိတ်ကြိုက်ရွေးချယ်တော့ဗျာ 😏😏😏 ဒီဆိုက်တွေနဲ့  Website ပြုလုပ်ပြီးသွားလို့  အသုံးပြုနည်း မသိဘူး မတတ်ဘူးဆိုရင် သုံးနည်းတွေကိုပါ သင်တန်းပေးသွားပါမယ် ကုန်ကျစရိတ် သက်သက်သာသာ၊  အဆင့်မြင့်မြင့် ဒီဇိုင်းလန်းလန်းနဲ့ Website ကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ OCS-Myanmar ကို လုံးဝ လုံးဝမှ မေ့မထားနဲ့ နော်။ 😎😎😎


ကျွန်တော်ကတော့ တော်တော် များများကို Blogger Website ပဲ လုပ်ဖို့ လမ်းညွှန်မိသလို လုပ်ပေးလိုက်သမျှကလည်း Google က Services ပေးထားတဲ့ Blogger Website နဲ့ ပဲ လုပ်ပေးဖြစ်ပါတယ် အဓိက ကတော့  Templates  ကို စိတ်ကြိုက် ဒီဇိုင်းလန်းလန်းနဲ့ Domain လေးနဲ့ သာတွဲသုံးလိုက် ကုန်ကျစရိတ်လည်း ပိုးစိုးပက်စက် သက်သာသွားမယ် အပေါ်မှာပြောထားတဲ့အချက်တွေထဲကလိုပဲ Security ပိုင်းအနေနဲ့ လည်း စိတ်ချရတယ် နှစ်စဉ် ဒေတာများလာရင် များလာသလို ကုန်ကျစရိတ်တက်မလာတော့ပဲနဲ့  တစ်နှစ် တစ်နှစ် ကုန်ကျမယ့် ကုန်ကျစရိတ်က သောင်းဂဏန်းလောက်ပဲ ရှိတော့မယ် ခုလို စလုပ်တဲ့အချိန်သာ အများဆုံး ဒေါ်လာ ၁၅၀ နဲ့  အနည်းဆုံး ဒေါ်လာ ၅၀  ကုန်ကျတာ နောက်ဆို နှစ်စဉ် သောင်းဂဏန်းလေးပဲ ကုန်တော့မယ်။


Blogger Website ကြီးက ကောင်းပမလားကွာလို့ တော့ မမေးနဲ့  အောက်က Website တွေကိုပဲ ကြည့်လိုက် အားလုံး Blogger Website နဲ့ လုပ်ထားတာချည်းပဲ။

1. Myanmar Celebrity News ( www.myanmarcelebrity.tv )

2. Myanmar Celebrity News ( www.myanmarcelebrity.com )

3. Myanmar Beautiful Model Girl ( http://model.myanmarcelebrity.com )

4. Myanmar Models - PAPAWADY ( www.papawady.com )

5. Korean Drama Wiki ( www.kdramawiki.com )

6. Myanmar Model Wiki  ( www.myanmarmodelwiki.com )

7. Myanmar HipHop Channel ( www.mmhiphopchannel.com )

8. သစ်ထူးလွင် (နေ့စဉ်သတင်း) ( www.thithtoolwin.com )

9. ဖိုးသူတော် ( www.phothutaw.com )

10. News-Myanmar-သတင်းနှင့်အထွေထွေဗဟုသုတများစုစည်းရာ  ( http://news-myanmar.info )


အပေါ်က Website တွေက လူသိများတဲ့ Blogger Website အသုံးပြုထားတဲ့ ဆိုက်တွေပါ Domain Name တွဲထားလို့ သာ www.sitename.blogspot.com ဆိုပြီး ဖြစ်မနေတာ သုံးထားတဲ့ Web Host ကတော့  အတူတူတွေချည်းပါပဲ။

အောက်က Website တွေနဲ့  အပေါ်က Website 10 ခုက Web Host အတူတူပါပဲ Domain တွဲထားတာ မတွဲထားတာပဲ ကွာသွားပါတယ် ၀င်ပြီးလေ့လာကြည့်နိုင်ပါတယ်။




ကဲ.... ၀င်ကြည့်ပြီးရင်တော့ သဘောပေါက်ကြပြီထင်ပါတယ် အဓိက ကတော့ Templates  လန်းလန်းလေးသုံးလိုက်ရင် လူရှိန်စေမယ့် Website တစ်ခုကို ရရှိမှာ ဖြစ်စေသလို မိမိကြိုက်နှစ်သက်တဲ့ Domain Name လေးနဲ့ ပါ ထပ်တွဲလိုက်လျှင် ပိုမိုပြီးတော့ ပြီးပြည့်စုံသွားပါလိမ့်မယ်။ 😊😊😊

1. Google Blog Website +Templates + Own Domain + သင်တန်းကြေး
( ဒါကတော့ (၄) မျိုးပေါ့ ၀ဘ်ဆိုက်၊ ဒီဇိုင်းပြင်ဆင်ခ၊ ဒိုမိန်း(၁)နှစ်စာ၊ သင်တန်းကြေး စုစုပေါင်း ဒေါ်လာ ၁၅၀ ပါ။ )
Total Prices : $150.00 ( ဒေါ်လာ ၁၅၀ )


2. Google Blog Website + Templates + Own Domain
( ဒါကတော့ () မျိုးပေါ့ ၀ဘ်ဆိုက်၊ ဒီဇိုင်းပြင်ဆင်ခ၊ ဒိုမိန်း(၁)နှစ်စာ အပါအ၀င် စုစုပေါင်း ဒေါ်လာ ၁၀၀ ပါ။ )
Total Prices : $100.00 ( ဒေါ်လာ ၀၀ )


3. Google Blog Website + Templates + သင်တန်းကြေး
ဒါကလည်း () မျိုးပါ ၀ဘ်ဆိုက်၊ ဒီဇိုင်းပြင်ဆင်ခ၊  အပါအ၀င် စုစုပေါင်း ဒေါ်လာ ၁၀၀ ပါ။ )
Total Prices : $100.00 ( ဒေါ်လာ ၀၀ )


4. Google Blog Website + Templates
( ဒါကတော့ ( ၂ ) မျိုးထဲပါ ၀ဘ်ဆိုက်၊ ဒီဇိုင်း နှစ်ခုထဲပါပဲ ကျသင့်ငွေကတော့ ဒေါ်လာ ၅၀ ပါ။ )
Total Prices : $50.00 ( ဒေါ်လာ ၀ )


5. Google Blog Website Templates
( ဒါကတော့ ကိုယ်ပိုင် Blogger Website ရှိပြီးသားသူများအတွက် ဒီဇိုင်းအလှဆင်တာ တစ်ခုထဲပါပဲ ကျသင့်ငွေကတော့ ဒေါ်လာ ၅၀ ပါ။ )
Total Prices : $50.00 ( ဒေါ်လာ ၀ )


Website ပြုလုပ်ဖို့ စိတ်ဝင်စားတယ်ဆိုပါက...

ဆက်သွယ်ရန် - 09421157911, 09794426154, 09253351244

09421157911
www.fb.com/CityHunter.mmwww.fb.com/CityHunter.mm
punkboystar@gmail.com punkboystar@gmail.com